လက်ဖက်စိမ်းအဆီအနှစ် (Green Tea Extract)

สารสกัดชาเขียว

လက်ဖက်စိမ်းအဆီအနှစ်

Green Tea Extract

လက်ဖက်စိမ်းမှာ (anti-oxident)အိုမင်းခြင်းကိုကန့်ကွက်ပေးသော ကာထေချင်း (catechin) ဒြပ်ပါဝင်ပြီး ၊ ရောင်ရမ်းမှုကို လျော့ချပေးပြီး မှတ်ဉာဏ်ကို ကောင်းမွန်စေပါသည်။ အထူးသဖြင့် epigallocatechin-3-gallate (EGCG) သည် လက်ဖက်ရည်တွင် များပြားစွာပါရှိပါသည်။ (EGCG) သည် လက်ဖက်ရည်ထဲတွင် (catechin) တစ်မျိုးဖြစ်ပြီး အဝလွန်ခြင်းကို လျှော့ချပေးခြင်း၊ triglycerides လျှော့ချပေးခြင်း၊ ကိုလက်စထရောကိုလျှော့ချပေးခြင်း စွမ်းအင်သုံးစွဲမှုတိုးမြှင့်ပေးခြင်း အူအတွင်းရှိအဆီများစုပ်ယူမှုကိုလျှော့ချပေးခြင်း၊ အဆီဆဲလ်ပြောင်းလဲမှုများကို လျှော့ချပေးခြင်း ၊ ဗိုက်အဆီစုပုံခြင်းကို လျှော့ချပေးခြင်းတွင် ထိရောက်မှုရှိပါသည်။

လက်ဖက်စိမ်းရွက်၏ အကျိုးကျေးဇူးများ

  • ကာထေချင်း (catechin) အဆီအနှစ်သည် (phenolic compounds)ဖီနွိုင် ဒြပ်ပေါင်းအုပ် ပိုလီဖီနွိုင် (polyphenol) အမျိုးအစား flavonoids phenolic ဒြပ်ပေါင်းများဖြစ်ပြီး လက်ဖက်ရွက်စိမ်းတွင် တွေ့ရှိရပါသည်။
  • အဆိပ်ဖယ်ရှားခြင်း (detoxification) နှင့် အိုမင်းခြင်းကိုကန့်ကွက်ပေးရေး အတွက်ကူညီပေးနိုင်ခြင်းကြောင့် ကင်ဆာဖြစ်နိုင်ခြေ နှင့် ဆဲလ်များနှင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးယိုယွင်းသောရောဂါများကို ကာကွယ်ပေးပါသည်။
  • ကစီဓာတ်ကို သကြားအဖြစ်သို့ ချေဖျက်ခြင်းမှ အမိုင်လက်စ် (Amylase) အင်ဇိုင်းကို ဟန့်တားပေးပြီး ခန္ဓာကိုယ်ထဲမှာ ကစီဓာတ်စုပုံမှုမရှိစေရန် ကာကွယ်ပေးပါသည်။
  • အဆီပမာဏကို လျှော့ချပေးပြီး ခန္ဓာကိုယ်တွင်းရှိ အဆီဟောင်းများကို စဉ်ဆက်မပြတ် လျှော့ချပေးသည်။
  • ဦးနှောက်ကို အပြည့်အဝအလုပ်လုပ်ဖို့ စွမ်းအင်တိုးစေပြီး ဗိုက်ဆာလွယ်ခြင်း ပင်ပန်းနွမ်းနယ်ခြင်း ခံစားချက်ကို လျှော့ချပေးပါသည်။
  • ခန္ဓာကိုယ်တွင်းရှိ အိုမင်းလွယ်စေသော ဖရီးရယ်ဒီကယ်များကို တိုက်ဖျက်ပေးပြီး အသားအရေကို ကြည်လင်စေရန် detox ကူညီပေးသလို စွမ်းဆောင်နိုင်ပါသည်။