
အသားအရေထိန်းသိမ်းရာမှာ ရွှေကိုအသုံးပြုခြင်းသည် ရှေးခေတ်ကတည်းက ရှိနေခဲ့ခြင်းဖြစ်သည်။ “ ရွှေ” ၏ မှော်အတတ်(အစွမ်း)ကို အီဂျစ်ဘုရင်မ Cleopatra ကဲ့သို့ပင် အသုံးပြုခဲ့သည်ကို အလှအပဆိုင်ရာ ကုသမှုများတွင် ရှာဖွေတွေ့ရှိခဲ့သည်။
ကလီယိုပတ်ထရာ၏ နုပျိုစေ အလှတရား၏ လျှို့ဝှက်ချက်ဟု သမိုင်းမှတ်တမ်းများအရ သိရပါသည်။ ဆိုလိုသည်မှာ သူမသည် အိပ်နေစဉ် ရွှေစင်စစ်စစ် မတ်စ်(mask)ကို တပ်ထားခြင်းဖြစ်သည်။ အသားအရေ လှပနုပျိုမှုကို အကောင်းဆုံး ထိန်းထားပေးနိုင်ခြင်းကြောင့် ရွှေကို အလှအပအတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါသည်။
ရွှေစင်စစ်စစ်၏အကျိုးကျေးဇူးများ
- အသားအရေကို ပြန်လည်နုပျိုစေပြီး အရေပြားအလွှာရှိ Collagen နှင့် Elastin ထုတ်လုပ်မှုကို လှုံ့ဆော်ပေးသည်။
- အရေပြားအတွင်းရှိ အဆိပ်အတောက်များနှင့် အညစ်အကြေးများကို ဖယ်ရှားပေးပြီး အရေပြားဆဲလ်အသစ်များ ဖန်တီးခြင်းဖြစ်စဉ်ကို လှုံ့ဆော်ပေးသည်။
- နေရောင်ခြည်ကြောင့်ဖြစ်သော အရေပြားရောင်ရမ်းမှုကို လျော့ပါးစေတယ်။
- Melanin ထုတ်လုပ်မှုဖြစ်စဉ်ကို လျှော့ချပေးပြီး အသားအရေကိုတောက်ပစေပါသည်။
- အရေးအကြောင်းများကို လျော့ပါးစေပြီး အသားအရေကို နုပျိုစေပါသည်။