Centella Asiatica Extract (မြင်းခွါရွက် အဆီအနှစ်)
မြင်းခွါရွက်သည် အကျိုးကျေးဇူးများစွာ ရှိသောဆေးဖက်ဝင်အပင်ဖြစ်ပါသည်။ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ သို့မဟုတ် အရံဟင်းအဖြစ် အစားအစာ အမျိုးအစား အမျိုးမျိုးဖြင့် စားသုံးလေ့ရှိသည်ကို ဟိုးရှေးယခင်တည်းက သိရှိခဲ့ပါသည်။ ကျန်းမာရေးကို ထိန်းသိမ်းရန်၊ ရောဂါများကို ကုသရန် သို့မဟုတ် အလှအပကို ထိန်းသိမ်းရန် အကူအညီပေးနိုင်သည်။ လက်ရှိတွင် အာဟာရဖြည့်စွက်ပစ္စည်းအပြင် အလှကုန်ပစ္စည်း နှင့် essential oil အဖြစ် ထုတ်လုပ်လျက်ရှိပါသည်။ မြင်းခွါရွက်တွင် အဓိကပါဝင်ပစ္စည်းများမှာ Terpenoids Compound နှင့် Triterpene Compound တို့ဖြစ်သည်။ Triterpenes သည်မြင်းခွါရွက်တွင် အများဆုံးတွေ့ရသော ဒြပ်ပေါင်းများဖြစ်ကြောင်း တွေ့ရှိခဲ့သည့် အဓိကပါဝင်သော ဓါတ် ၄ မျိုးမှာ- Madecassoside
- Asiaticoside
- Madecassic Acid
- Asiatic Acid တို့ဖြစ်ပါသည်။
မြင်းခွါရွက် ၏အကျိုးကျေးဇူးများ
- Anti-Oxidant လုပ်ဆောင်နိုင်စွမ်းသည် ဗီတာမင် E ထက် 5 ဆ ပိုမိုမြင့်မားပြီး အိုမင်းလွယ်စေသော free radicals များကို တားဆီးပေးကာ အရေးအကြောင်းများ၊ အမဲစက်များကို လျော့ပါးစေသည်။
- အရေပြားအတွင်းတွင်ရှိသော Collagen နဲ့ Elastin ထုတ်လုပ်မှုကို သိသိသာသာ လှုံ့ဆော်ပေးပါသည်။
- ပျက်စီးနေသော အစိတ်အပိုင်းများကို ပြုပြင်ပေးပြီး ဘက်တီးရီးယားပိုးဝင်နေသောဒဏ်ရာများကို ကုသပေးပါသည်။
- အရေပြားရောင်ရမ်းခြင်းကို လျှော့ချပေးပြီး အရေပြားပေါ်ရှိ ဒဏ်ရာများကို သက်သာပျောက်ကင်းစေသည်။
- အရေပြားကို တင်းရင်းစေပြီး အရေးအကြောင်းများကို ဖယ်ရှားပေးကာ အရေပြားဆဲလ်အသစ်များကိုလည်း ဖန်တီးပေးသည်။
- glycosides ပါ၀င်ပြီး အရေပြားကျန်းမာစေရန်အတွက် ကော်လာဂျင်ဖန်တီးမှုကို အရှိန်မြှင့်ပေးပါသည်။
- cellulite ဖယ်ရှားရန်ကူညီပေးသည်။
- ဆံပင်နှင့် ဦးရေပြားကို အာဟာရဖြည့်ပေးသည်။