နွယ်ချိုအဆီအနှစ် (Licorice Extract)
ဝက်ခြံအမာရွတ်များနှင့် အမည်းစက်များမှ သင့်အသားအရေကို ပြန်လည်နုပျိုစေရန် အချိန်နှင့် မှန်ကန်သော အသားအရေထိန်းသိမ်းမှု လိုအပ်ပါသည်။ ဆေးခန်းသို့ လေဆာ ကုသရန် မပြုလုပ်မီ အမည်းစက်များကို ပျောက်ကင်းရန် သို့မဟုတ် သက်သာစေရန် နောက်ထပ်ရွေးချယ်စရာမှာ သင့်၏နေ့စဥ် လုပ်ရိုးလုပ်စဉ်တွင် အမည်းစက် ပါဝင်ပစ္စည်းများပါရှိသော အသားအရေထိန်းသိမ်းမှုပုံစံကို (skin care ပြုလုပ်မှု) ပေါင်းထည့်ခြင်းဖြစ်သည်။ ဗီတာမင် C ကဲ့သို့သော လူကြိုက်များသော ပါဝင်ပစ္စည်းများအပြင် အခြားပါဝင်ပစ္စည်းများလည်း ရှိသည်ကို သင်သိပါသလား။ ဗီတာမင် C နှင့် ဆင်တူသော ဂုဏ်သတ္တိများရှိသည့် Licorice Extract ဟုခေါ်သော အမည်းစက်များကို လျော့ပါးသက်သာစေသော ပါဝင်ပစ္စည်းဖြစ်ပါသည်။သံပုရာသီး၏အကျိုးကျေးဇူးများ
- မယ်လနင်ရောင်ခြယ်ပစ္စည်း မဖန်တီးစေရန် တိုင်ရိုစီးနပ်စ် (Tyrosinase) အင်ဇိုင်း၏ လုပ်ဆောင်ချက်ကို တားမြစ်ပေးသည်။ ဒါကြောင့် မှည့်ခြောက်၊ တင်းတိပ်နဲ့ အမည်းစက်များဖြစ်ခြင်းကိုလည်း လျော့ပါးသက်သာစေပါသည်။ မွဲခြောက်နေသော အရေပြားဆဲလ်များကို လျင်မြန်စွာ ပျောက်ကင်းစေပါသည်။
- အရေပြားရောင်ရမ်းမှုကို သက်သာစေပြီး မျက်နှာကိုလည်း ဘေးထွက်ဆိုးကျိုး မဖြစ်စေဘဲ ဝက်ခြံထွက်ခြင်းကိုလည်း မဖြစ်စေပါ။
- လေထုညစ်ညမ်းမှုနှင့် အရေပြားဆဲလ်များ ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသော အရေပြားပြဿနာများကို လျှော့ချပေးပါသည်။ အစိုဓာတ်ကို ပေးစွမ်းပြီး အသားအရေကို ချောမွေ့စေပါသည်။ အမာရွတ်အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော အမည်းစက်များ လျော့နည်းသွားပြီး ပျောက်ကင်းသည်အထိဖြစ်စေပါသည်။
- ယားယံခြင်း၊ ဓါတ်မတည့်ခြင်း၊ ဝက်ခြံထွက်ခြင်းများကို လျော့ပါးစေပြီး မျက်နှာပေါ်ရှိ အဆီပြန်ခြင်းကို ထိန်းပေးကာ ဝက်ခြံပေါက်ခြင်းကို လျှော့ချပေးသည်။ နူးညံ့ပြီး ထိခိုက်လွယ်သော အသားအရေအမျိုးအစားများအတွက် သင့်လျော်ပါသည်။
- အရေးအကြောင်းများကိုလျှော့ချပေးပြီး သားအရေအိုမင်းရင့်ရော်မှုကို နှေးကွေးစေကာ ငယ်ရွယ်နုပျိုမှုကို အမြဲထိန်းသိမ်းပေးသည်။
- အိုမင်းခြင်းကို ကန့်ကွက်ပေးသော (antioxidant) နှင့် ဘက်တီးရီးယားပိုးသတ်နိုင်သော အာနိသင်များရှိပြီး အရေပြားမှ ခရမ်းလွန်ရောင်ခြည်များကို စုပ်ယူပေးပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးပါသည်။ အသားအရေကို သဘာဝအတိုင်း ကြည်လင်တောက်ပလာစေရန် အာဟာရဖြည့်တင်းပေးပါသည်။