စတော်ဘယ်ရီအဆီအနှစ် (Strawberry Extract)
စတော်ဘယ်ရီသည် ချိုချဉ်အရသာရှိသော အသီးတစ်မျိုးဖြစ်သည်။ စတော်ဘယ်ရီသီးတွင် ဗီတာမင် A၊ ဗီတာမင် C၊ ကယ်လ်စီယမ်၊ citric acid၊ silicon စသည့် သတ္တုဓာတ်များစွာ ကြွယ်ဝပြီး antioxidant ဂုဏ်သတ္တိများ ရှိသည်။ ပျို့အန်ခြင်း၊ မူးဝေခြင်းအတွက် အပျော့စား ဝမ်းနုတ်ဆေးလည်းဖြစ်သည်။ သွေးတွင်း ကိုလက်စထရောအဆင့်ကို လျှော့ချပေးပြီး ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ဖျော့တော့သော အသားအရေကို ပြန်လည်အသက်ဝင်လာအောင် လှုံ့ဆော်ပေးကာ မွဲခြောက်နေသော အသားအရေကို ကျန်းမာပြီးပန်းရောင်တောက်ပစေရန် ပြန်လည်အားဖြည့်ပေးသည့် AHA ပမာဏ အနည်းငယ် ပါဝင်ပါသည်။စတော်ဘယ်ရီ အကျိုးကျေးဇူးများ
- ဗီတာမင် C မြင့်မားပြီး သဘာဝ salicylic acid ပါ၀င်ပါသည်။ အရေပြားဆဲလ်သေများကို ဖယ်ရှားရန် ပံ့ပိုးကူညီပေးသည်။
- အရေပြားအတွင်း ကော်လာဂျင်ကို တည်ဆောက်ပေးပြီး ဆဲလ်များယိုယွင်းမှုကို နှေးကွေးစေကာ အသားအရေကို ငယ်ရွယ်နုပျိုစေပါသည်။
- ချွေးပေါက်အတွင်း ပိတ်ဆို့နေသော အညစ်အကြေးများကို လျော့ပါးစေပါသည်။
- မျက်နှာပေါ်ရှိ အဆီပြန်ခြင်းကို လျှော့ချပြီး ဝက်ခြံပိတ်ဆို့ခြင်းကို လျှော့ချပေးကာ ချွေးပေါက်များကို ကျဉ်းစေသည်။
- အမည်းစက်များနှင့် အသားအရေ ကြမ်းတမ်းမှုကို လျှော့ချပေးသည်။
- မွဲခြောက်နေသော အသားအရေကို ပြန်လည်တောက်ပလာစေရန် အာဟာရဖြည့်ပေးပါသည်။
- သွားကြားသွေးထွက်ခြင်းရောဂါကို ကာကွယ်ပေးပါသည်။
- ကိုလက်စထရောအဆင့်ကိုလျှော့ချရန်ကူညီပေးသည်။
- အာရုံကြောနဲ့ ဦးနှောက်ကို အာဟာရဖြစ်စေပါသည်။
- ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်အမျိုးမျိုးကို ဖယ်ရှားပေးသည်။